King Manuha (Thaton)
King Nyaungyan (1600-1606)
King Tha Lun (1629-1648)
King Alaungmintaya (1752-1760)
King Naungdawgyi (1760-1763)
King Singbyushin (1763-1776)
King Badon (1782-1819)
King Bagyidaw (1819-1837)
King Tharrawaddy (1837-1846)
King Mindon (1853-1878)
ဤ ဆေးရေးပုရပိုက်တွင် သထုံမနူဟာမင်း၏ နန်းတော်ပုံမှ စ၍ မင်းတုန်းမင်း၏ မန္တလေး မြို့တော်နန်းတော်များအထိပါဝင်သည်။ ပုရပိုက်ပါ မြို့တည်နန်းတည်စနစ်ပုံများကို မြို့တည် နန်းတည်မင်းများအလိုက် ရှာဖွေကြည့်ရှုနိုင်ပါသည်။
ဘေးလောင်းတော် ဘိုးလောင်းတော်တို့ စံနေတော်မူသည့် ရွှေမြို့တော်၊ ရွှေနန်းတော် စနစ်ပုံစံ များကို မှန်ကန်သေခြာအောင် ရှေးပုံဟောင်း ညှိနှိုင်း ရေးသားထက်သွင်း၍ အတွင်းတော်မှာ ထားစေ၊ ဘုရား ဗျာဒိတ်တော်မြတ်ကို ဦးထိပ်ထက် ဆေင်ရွက်ရသည့် အတိုင်း ၁၂၁၇ ခုနှစ် ဝန်ထောက် ဒိုင်းဝန် မဟာမင်းလှသီဟသူ ကြီးကြပ်ကြည့်ရှုပြီးလျှင် ပန်းချီတော်တို့နှင့် နောင် သားနောင်လာမှတ်စိမ့်ငှာဖြင့် မဟာအမရပူရ ရွှေမြို့တော်ကြီးတည် ဘေးလောင်းတော် ဆဒ္ဒန် ဆင်မင်းသခင်မင်းတရားကြီးဘုရား ၁၁၄၄ခုနှစ် ဘုမ္မိနတ်သံ မြေခံကောင်းပြည်သောအခါနှိုက် မဟာအမရပူရ ရွှေမြို့တော်တွင် ဆောံလုပ် စံနေတော်မူသည့် နန်းတော်ပန္နက်မြို့တော် တံခါး ၁၂ ရပ်စည်၊ ဓာတ်စည်ခေါင်းလောင်းတော်ပုံ၊ နန်းမြင့်ပုံ၊ သက္ကရာဇ် ၉၉၆ခုနှစ် သာလွန်မင်းတရား ဆောံလုပ်စံနေတော်မူသည့် နန်းတော်ပန္နက်ပုံ၊သက္ကရာဇ် ၁၁၁၅ခုနှစ် ဘေးတော် အလောင်းမင်း တရားကြီးဘုရား ရတနာသိင်္ဃမြို့တွင် ဆော်လုပ်စံနေတော်မူသည့် နန်းတော်ပန္နက်ပုံ၊ သက္ကရာဇ် ၁၂၃ ခုနှစ် နောင်တော်မင်းတရားကြီးဘုရား စကိုင်းမြို့တွင် ဆောံလုပ်စံနေတော်မူသည့်နန်းတော် ပန္နက်ပုံ၊ သက္ကရာဇ် ၁၁၂၇ ခုနှစ်ဆင်ဖြူရှင်မင်းတရား ရတနာပူရအဝမြို့တွင် ဆောံလုပ်စံတော်မူသည့် နန်းတော်ပန္နက်၊မင်းကွန်စံနန်းတော်ပုံ၊ ဝင်ကပါနန်းပုံ၊ ကျောင်းတော်ကြီးနန်းပုံ၊ မန်အောင် ရတနာဘုရားဦး၊ သုဓမ္မာဇရပ်ပုံ၊ ဘကြီးတော်ဘုရား စံတော်မူသည့် ရတနာပူရ အဝမြို့နန်းတော် ပန္နက်ပုံ စောံပါနန်းမြို့တော် တိုက်တန်းတင်းကုတ်ပုံ၊ ရွှေတိုက်နန်းမြင့်ပုံ၊ ရေနန်းတော်ပုံ၊ စံကျောင်း ပန္နက်ပုံ၊ ရတနာပူရ အဝမြို့ပြ တန်ဆောင်းမြို့တော်ပုံ၊ ၁၂၀၀ ခုနှစ် မဟာအမရပူရ ဒုတိယမြို့တည် မင်း ဆဒ္ဒါန်ဆင်မင်း သခင်မင်းတရားကြီးဘုရား စံနေတော်မူသည့် အမရပူရမြို့တော် ပန္နက်ပုံ စောံများကို အမိန့်တော် မြတ်ရင်းနှင့်အညီ ရေးသားဆက်သွင်းသည့် ပုရပိုက်လက္ခံ။ ဆူရေ ၁။